A+ A-


Android Mobile Phone များတွင် ထည့်သွင်းရသော မြန်မာစာစနစ်
မြန်မာနိုင်ငံမှာAndroid phone တွေအတွက် မြန်မာဖေါင့် သုံးတဲ့နည်းစနစ် ၂ ခုရှိပါတယ်
1. Unicode
2. Zawgyi
တို့ဖြစ်ပါတယ် ။
Unicode ဖေါင့်ဟာ နိုင်ငံတစ်ကာအသိအမှတ်ပြု စံချိန်စံညွှန်းတွေနဲ့ ရေးထားတာဖြစ်လို့ နိုင်ငံအသီးသီး က လိုက်နာကျင့်သုံးတဲ့ စနစ်တစ်ခုဖြစ်ပါတယ်။ google လည်း မြန်မာ ယူနီကုဒ် သုံးပါတယ် Microsoft လည်း မြန်မာယူနီကုဒ်သုံးပါတယ်။ အသေးစိတ်သိချင်ရင်တော့ google မှာရှာဖတ်ကြည့်ပါ။
Zawgyi ဖေါင့်ကတော့ မြန်မာနိုင်ငံမှာ Unicode စနစ် ပီပီပြင်ပြင် မပေါ်ထွက်ခင်ကတည်းက Web site တွေမှာ အသုံးပြုခဲ့တဲ့ အတွက် ယနေ့အချိန်ထိ လူသုံးများတဲ့ စနစ်တစ်ခုအဖြစ် ကျန်ရှိနေဆဲဖြစ်ပါတယ်။
ယခု ကျနော်ပြောမှာက ဇော်ဂျီဖေါင့် အကြောင်းပါ ယနေ့ android phone ပေါ်က လူကြိုက်များတဲ့ Application တော်တော်များများဟာ ဇော်ဂျီစနစ်ကိုပဲ အသုံးပြုနေကြပါသေးတယ် ဒါကြောင့် ကျနော်ရေးမယ့် အကြောင်းအရာမှာ ဇော်ဂျီဖေါင့်အကြောင်းကိုဇောင်းပေးပီး ဖေါ်ပြသွားပါမယ်။
Android Version & MyanmarFont
Android phone တွေမှာ Android Version 4.3 ကေန စပီး google က Myanmar Unicode font တစ်မျိုးဖြစ်တဲ့ Padauk font ထည့်သွင်းပေးလာပါတယ်။ Android Verision 5.0 Lollipop ကေန စပီး Operation System တစ်ခုလုံးကိုပါ မြန်မာလို အသုံးပြုလို့ ရစေမယ့်အထိ ထည့်သွင်းပေးလိုက်ပါ တော့တယ်။ Lollipop ရောက်ချိန်မှာတော့ Google က Padauk font ကို အသုံးမပြုတော့ပဲ သူ့ကိုယ်ပိုင် NotoSans အနွယ်ဝင်ဖြစ်တဲ့ NotoSansMyanmar font ကိုထည့်သွင်း သုံးစွဲလာခဲ့ပါတော့တယ်။ ယနေ့အချိန်ထိ Google က zawgyi font ကို လုံးဝ မထောက်ပံ့ခဲ့ဖူးပါဘူး။
ဒါက google နဲ့ သူ့ရဲ့ Android Version တွေမှာ မြန်မာဖေါင့်ထောက်ပံ့ပေးခဲ့တဲ့ သမိုင်းအကျဉ်းပါ။
ဖုန်းထုတ်လုပ်တဲ့ OEM တွေအနေနဲ့လဲ သူတို့ ရဲ့ဖုန်းတွေမှာ မြန်မာစနစ်ကို သူတို့နည်း သူတို့ဟန်နဲ့ ထည့်သွင်း လာကြပါတယ်။ အစောပိုင်းကာလတွေတုန်းကဆို တရုတ်ပြည်က သွင်းတဲ့ ဈေးနှုန်း သက်သာ တဲ့ ဖုန်းတွေမှာ စနစ်တစ်လုံးမြန်မာလို မြင်ရတဲ့ ဖုန်းတွေ အများအပြားဝင်ရောက်ခဲ့ပါတယ်။ သုံးစွဲခဲ့တဲ့ ဖေါင့်တွေကလည်း အစုံပါပဲ Unicode , Zawgyi အစရှိသဖြင့် ကိုယ်သန်ရာ သန်ရာ အသုံးပြုခဲ့ကြပါတယ်။
FONT
font ဆိုတာ Style တွေ Size တွေကို ပုံသေသတ်မှတ်ပေးထားတဲ့ ၊ မိမိဖုန်းမှာစကားလုံးတွေ စာစုတွေကို မိမိမျက်လုံးနဲ့ မြင်လို့ရအောင် ဖေါ်ပြပေးနိုင်စမ်းရှိစေတဲ့ အက္ခရာတွေကိုခေါ်တာပါ။ ။မိမိဖုန်းထဲမှာ မြန်မာစာကိုထောက်ပံ့ပေးတဲ့ ဖေါင့်မရှိရင် မြန်မာစာကိုဖတ်လို့မရပါဘူး။
Android ရဲ့မူလအခြေအနေမှာတုန်းက မြန်မာစာကိုအထောက်အပံ့မပေးခဲ့တော့ မြန်မာစာကိုဖတ်လို့မရပါဘူး။
KEYBOARD
ဖုန်းတွေမှာ စာလုံးတွေရိုက်နိုင်ဖို့ကီးဘုတ်လိုပါတယ် မြန်မာစာတွေကိုမြင်နေရပီ ဖတ်လို့တော့မရသေးဘူးဆိုရင် မြန်မာစာရိုက်နိုင်တဲ့ keyboard မသွင်းရသေးလို့ပါ ။ ကီးဘုတ်ပေါ်မှာတော့ မြန်မာစာလုံးလေးတွေမြင်ရတယ် မြန်မာရိုက်လိုက်တဲ့အချိန်မှာ လေးထောင့်ကွက်လေးတွေပဲမြင်နေရတယ် မြန်မာလို မမြင်ရဘူးဆိုရင် မြန်မာဖေါင့်မသွင်းရသေးလို့ ဖြစ်နိုင်ပါတယ်။
ဒီတော့ မိမိဖုန်းမှာ မြန်မာလိုလည်းမြင်ရချင်တယ် မြန်မာလိုလည်း ရိုက်လို့ရချင်တယ်ဆိုရင် ဖုန်းထဲမှာ မြန်မာဖေါင့် ရှိဖို့လိုသလို မြန်မာကီးဘုတ်တစ်ခုလည်းသွင်းထားဖို့လိုပါတယ် ။ ဖုန်းမှာမြန်မာဖေါင့်သွင်းတဲ့ နည်းလမ်း အမြောက်အများရှိပါတယ် ။   မြန်မာဖေါင့်သွင်းပေးနိုင်တဲ့ Service tool တွေ Phone Application တွေ အမြောက်အများရှိပါတယ်။
Font Style Supported Devices
အချို့ဖုန်းတွေမှာ setting ထဲမှာ ဖုန်းရဲ့ Font Style တွေ ချိန်းပေးနိုင်တဲ့ Function ပါတယ်ဆိုရင် အဲ့ဒီအားသာချက်ကို အသုံးပြုပီး မြန်မာဖေါင့် သုံးလို့ရပါတယ် မိမိဖုန်းရဲ့ Font Style ထဲမှာ ဇော်ဂျီဖေါင့် ပါလာအောင် Application တစ်ခုခုသုံးပီးလုပ် ပီးရင် Font Style ထဲဝင်ပီး မိမိထည့်လိုက်တဲ့ ဖေါင့်ကိုရွေးလိုက်တာနဲ့ မြန်မာဖေါင့်မြင်ရပါပီ ၊ မြန်မာကီးဘုတ်လေးတစ်ခုခုထည့်ပီး ရိုက်လိုက်ရုံပါပဲ ။
အောက်ပါ Device တွေမှာ Font Style ချိန်းလို့ရပါတယ်
Samsung
Huawei
Coolpad
OPPO
Xiaomi
HUAWEI
တရုတ်နိုင်ငံရဲ့နာမည်ကျော် Phone Company တစ်ခုဖြစ်တဲ့ Huawei ကလည်း မြန်မာနိုင်ငံကိုတင်သွင်းတဲ့အလုံးတွေမှာ မြန်မာဖေါင့်ထည့်သွင်းပေးလာခဲ့ပါတယ်။ မှတ်မှတ်ရရဆိုရင်
HUAWEI Y310-5000 မွာ Unicode ရော Zawgyi ရော ထည့်သွင်းပေးလာပါတယ်။ နောက်ပိုင်းမှာလည်း အလျှဉ်းသင့်သလို ထည့်သွင်းလာခဲ့ပီး HUAWEI C8816 ကို မြန်မာနိုင်ငံအတွက် တရားဝင်ကိုယ်စားလှယ်တွေနဲ့ရောင်းချချိန်မှာတော့ ဇော်ဂျီဖေါင့်ကို လုံးဝ Support ပေးတဲ့အဆင့် ရှိရောက်ရှိလာခဲ့ပါတယ်။
SAMSUNG
နာမည်ကျော် Brand တွေထဲကမှ စနစ်တစ်ခုလုံး မြန်မာလိုမြင်ရဖို့ စတင်သုံးစွဲခဲ့တဲ့ OEM ကတော့ Samsung ဖြစ်ပါတယ်
ဆမ်ဆောင်းက Android Version 4.2.2 အရောက်မှာတော့ သူ့ရဲ့ ထုတ်ကုန်တစ်ခုဖြစ်တဲ့ Samsung Galaxy S3 International GT-I9300 မှာ စနစ်တစ်ခုလုံး ဇော်ဂျီလိုမြင်ရတဲ့ Firmware တစ္ခုကို Leaked အနေနဲ့ ထုတ်ပေးခဲ့ပါတယ်။ စတင်ထည့်သွင်းချိန်မှာတော့ ဝေဖန်မှုများစွာခံခဲ့ရပါတယ်။
Unicode စနစ်ကို မသုံးစွဲလို့ ၊ Zawgyi မှာလည်း ဘာသာပြန်တဲ့နေရာမှာ ကွဲလွဲမှုများစွာရှိနေလို့ ဝေဖန်ခံခဲ့ပါတယ်။
ဒီလိုနဲ့ပဲ ပြုပြင်မှုများစွာပြုလုပ်ခဲ့ပီး Samsung Galaxy S 6 Series ကို မြန်မာနိုင်ငံအတွက် တရားဝင်ရောင်းချချိန်မှာတော့ အများမျှော်လင့်ထားသလို Unicode ရော Zawgyi ရောကို Operation System တစ်ခုလုံးမှာ မြင်ရတဲ့အထိ ထည့်သွင်းပေးလာခဲ့ပါတယ်။
SONY
Japan နိုင်ငံရဲ့ ကမ္ဘာကျော် Sony Company က တော့ သူရဲ့လက်ရှိဈေးကွက်မှာ နာမည်ပေါက်ပီးသား မည်သည့် Android Device မှာမှ ဇော်ဂျီဖေါင့်ကို ထည့်သွင်းပေးခဲ့ခြင်း မရှိပါဘူး။ Android Version 4.3 မွာ Padauk font ကို Unicode အနေနဲ့ အသုံးပြုခဲ့ပီး 5.0 အထက်ရောက်ရှိချိန်မှာတော့ google က support ပေးတဲ့ NotoSansMyanmar font တွေကိုပဲ Unicode အနေနဲ့ ထည့်သွင်းပေးထားပါတယ်။
Xiaomi
ထိုင်ဝမ်အခြစိုက် Phone Company တစ်ခုဖြစ်တဲ့ Xiaomi ကလည်း google ချပေးတဲ့လမ်းစဉ် အတိုင်းပဲ ထည့်သွင်းထားပါတယ်။ SONY နဲ့တူတူပါပဲ။

Credit >>> MPPG (Mobile Phone Professional Group)

Post a Comment

 
Top