A+ A-

Huawei G730U00 အားသွင်းပတ်လမ်း (အပိုင်း ၁)
တဆင့်ခြင်း အသေးစိတ် ရေးပေးထားပါတယ် လေ့လာကြည့်ပါ
လိုအပ်တာရှိရင် ပြောသွားကြပါခင်ဗျ …
USB (J902) မှာ အားသွင်းကြိုးတတ်လိုက်ရင် USB ရဲ့ ပင်နံပါတ် (1) ကတဆင့် အားသွင်းဗို့လမ်းကြောင်း VBUS (VCHG) မှာ 5V စတင်ဝင်ရောက်လာပါတယ်။ အဲဒီ VCHG ကို ခလုတ်အပိတ်အဖွင့်လုပ်ပေးတဲ့ FET Q903 ရဲ့ Source ငုတ်ကို စတင်ပေးသွင်းလိုက်ပါတယ်။ Ground နဲ့ ဆက်ထားတဲ့ R903 ကြောင့် FET ရဲ့ Gate ငုတ်မှာ အနုတ်ဗို့ (0V) ရောက်ရှိနေတဲ့အတွက် Gate က အမြဲတမ်း ပွင့်နေပါတယ်။ အဲဒါကြောင့် Source မှာရောက်နေတဲ့ 5V ဟာ Drain ကိုဖြတ်သန်းပြီး VBUS အားသွင်းလမ်းကြောင်းအဖြစ် ပြန်ထွက်လာပါတယ်။
Diagram နဲ့ Block နှစ်ပုံကို တွဲပြီး လေ့လာကြည့်ပါ …
အနီရောင်ပြထားတဲ့နေရာတွေမှာ တိုင်းကြည့်ရင် 5V ရှိနေရမှာဖြစ်ပြီး
အနက်ရောင်လိုင်းတွေက အနုတ်လိုင်း (Ground) ဖြစ်ပါတယ်။
(Source ငုတ်မှာ 5V ရှိနေပြီး Drian ငုတ်မှာ 5V ပြန်မထွက်ခဲ့ရင် FET ကောင်းမကောင်း စစ်ပါ။ Ground လိုင်းနဲ့ ဆက်ပေးထားတဲ့ R903 ကောင်းမကောင်း စစ်ပါ။)

Post a Comment

 
Top