A+ A-

အပိုင်း (၂) မှာ ခလုတ်အဖြစ်အသုံးပြုတဲ့ FET Q903 ရဲ့ Drain ကနေ အားသွင်းလမ်းကြောင်း (၃) ကြောင်း ခွဲထွက်လာတာ ပြောပြီးပါပြီ …
Q302 ရဲ့ Emittor (4) ကို 5V ရောက်လာရင် Collector ငုတ်လေးပင်ဖြစ်တဲ့ (1 2 5 6 ) တို့ကနေ အားသွင်းဗို့ 4.2V ကို ပြန်ထုတ်ပေးပါတယ်။
(Q302 ရဲ့ ပင်နံပါတ် (4) မှာ 5V ရှိနေပြီး (1 2 5 6 ) မှာ 4.2V ပြန်မထွက်ခဲ့ရင် Q302 ကို အသစ်လဲစမ်းပါ။)
အားသွင်းခေါင်းထိုးထားပြီး Battery တတ်မထားခဲ့ရင် Q302 ရဲ့ Collector ငုတ်များက ထုတ်ပေးတဲ့ အားသွင်း 4.2V ဟာ R909 (0.2R) ကို ဖြတ်သန်းပြီး VBAT လမ်းကြောင်းဖြစ်တဲ့ Q902 ရဲ့ Drain ငုတ်ကို ဆက်လက်ရောက်ရှိသွားပါတယ်။ အဲဒီ VBAT ကို PMU သို့လည်း ပေးသွင်းထားပါတယ်။ အဲဒါကြောင့် အားသွင်းကြိုးထိုးလိုက်ရင် PMU မှာ 4.2V ချက်ခြင်း ရောက်ပါတယ်။
Q901 မှာ Ground ချထားတဲ့ R901 ကြောင့် FET Gate ပွင့်နေပြီး VBAT လမ်းကြောင်းဟာ Source ကို ဖြတ်သန်းပြီး VBATT အဖြစ် Battery Connector ဖြစ်တဲ့ အပေါင်းငုတ်ကို ဆက်လက် ရောက်ရှိသွားပါတယ်။ အဲဒါကြောင့် Battery တတ်မထားပဲ အားသွင်းခေါင်းထိုးထားပြီး တိုင်းကြည့်ရင် Battery ငုတ်တွေမှာ အားသွင်းဗို့ (4.2V) ထွက်ပါတယ်။
Battery တတ်ထားခဲ့ရင်တော့ Battery Volt ဟာ Q902 ကို ဖြတ်သန်းပြီး R909 ရဲ့ တဖက်ထိပ်ကို ရောက်ရှိလာပါတယ်။ Battery အား အနည်းအများအပေါ်မူတည်ပြီး အကြမ်းအားဖြင့် 3.4V မှ 4.2V အတွင်း ရှိတတ်ပါတယ်
တကယ်လို့ Battery Volt ဟာ အားသွင်းဖို့အတွက် သတ်မှတ်ဗို့ (3.3V) အထိ မရှိသေးဘူးဆိုရင်တော့ အားသွင်းပိုင်းက Battery ကို အရင်နှိုးပေးပါတယ်။ အဲ့ဒီအချိန်ကို အားသွင်းတယ်လို့ မခေါ်သေးပဲ ဘက်ထရီနှိုးတယ်လို့ပဲ သုံးနှုံးပါတယ်။ ဘက်ထရီနှိုးတဲ့အချိန်မှာ ဘက်ထရီဆီကို စီးဆင်းနေတဲ့ အားသွင်းလျှပ်စီးကြောင်းဟာ အလွန်ကို နည်းပါတယ်။ အဲဒီအကြောင်းတွေကို အသေးစိတ် ထပ်ပြောပေးပါဦးမယ်။
အားသွင်းခေါင်းထိုးထားပြီး ဘက်ထရီမတတ်သေးပဲ ဘက်ထရီအပေါင်းငုတ်မှာ တိုင်းကြည့်လို့ 4.2V ရှိနေရင် အားသွင်းပိုင်း ကောင်းနေတယ်လို့ အကြမ်းဖျင်း ပြောလို့ ရပါတယ်။ အားသွင်းပုံပြပြီး အားမဝင်ခြင်း၊ အားသွင်းရာခိုင်နှုန်း မမှန်ခြင်းတို့အတွက် လျှပ်စီးကြောင်းအာရုံခံ (ISENSE) အဖြစ် အသုံးပြုထားတဲ့ R909 (R200 =0.2R) ကို စစ်ဆေးပေးပါ။
အားသွင်းပုံပြပြီး လုံးဝအားမဝင်ခဲ့ရင်တော့ ဘက်ထရီရဲ့ အလယ်ငုတ်လမ်းကြောင်းနှစ်ကြောင်းဖြစ်တဲ့ BT (Battery Temperature) နဲ့ BID (Battery Identification) လမ်းကြောင်းတို့ကို စစ်ဆေးရမှာပါ။ လမ်းကြောင်းပြတ်တောက်နေတာ၊ ဘက်ထရီငုတ်တွေ လွတ်နေတာ၊ သူတို့လမ်းကြောင်းတလျှောက်မှာရှိနေတဲ့ ကွန်ပို့နင့်လေးတွေ ပြုတ်နေတာ လွတ်နေတာ တန်ဖိုးပြောင်းနေတာမျိုးတွေ ဖြစ်တတ်ပါတယ်။
နောက်ပို့စ်မှာ ဘက်ထရီအားရှိမရှိ အာရုံခံပြီး အားသွင်းလျှပ်စီးကြောင်းကို PMU မှ ထိန်းချုပ်မောင်းနှင်ပေးတဲ့အကြောင်းကို ဆက်ပြောပါဦးမယ်။ …
56

Credit TO :Mobile Hardware Training

Post a Comment

 
Top