A+ A-


Huawei Y320-U01တွေမှာ အဖြစ်များဆုံး error က Touch slot မှာ Volt တွေ အစုံရောက်ပီး Touch မရတာပါ။
ဘာ့ကြောင့်လည်း
Data (control or signal လို့လည်း ပြောလို့ရပါတယ်) ကြောင့်ပါ။Data လမ်းကြောင်းတွေ error ရှိနေလို့ပါ။IC တလုံးက volt ရှိရုံနဲ့ အလုပ်မလုပ်နိုင်ပါဘူး။နိုး ယုံပဲ နိုးပါတယ်။Control ရှိမှ အလုပ်လုပ်န်ုင်ပါမယ်။
Y320-U01 touch diagram ပုံကိုကြည့်ပါ။
Pin 2.3.4.5တွေမှာ Voltတွေအပြင် int reset scl sda ဆိုတဲ့ cpu က တိုက်ရိုက်လာတဲ့ signalတွေပါတဲ့ control လမ်းကြောင်းတွေ ပါပါတယ်။Volt အစုံရောက်ပီး touch မရဘူးဆိုရင်တော့ control လမ်းကြောင်းတွေ စစ်ရပါမယ်။
Control လမ်းကြောင်းမှာ signal ပါ မပါ Oscilloscope နဲ့ တိုင်းရင် frequency အတိအကျထွက်ပါတယ်။ကျွန်တော်တို့ စကုပ် မဝယ်နိုင်ပါဘူး။စကုပ် နဲ့လည်း မတိုင်းတတ်ပါဘူး။အဲ့ဒီတော့ control pin တွေမှာ error ရှိ မရှိ ကောင်း မကောင်း တိုင်းမရတော့ဘူးလား။အနီးစပ်ဆုံး ခန့်မှန်ခြေ တော့ တိုင်းလို့ ရပါတယ်။Digital multi meter လေးနဲ့ပါ။
ကဲ control pin တွေ ကောင်း မကောင်း တိုင်းတော့မယ်နော်။Digital meter မှာ diode scale ကို ပြောင်းထားပါ။မီတာက အနီတံကို Ground မှာ ထောက်ထားပါ။ကိုယ်တိုင်းချင်တဲ့ pinကို အနက်တံနဲ့ လိုက်တိုင်းပါ။Ohm တွေ ထွက်လာပါလိမ့်မယ်။ထွက်လာတဲ့ ohm တွေကိုကြည့်ပီး ကောင်းမကောင်း ခန့်မှန်းရမှာပါ။
Ohm မထွက်ရင် အဲ့လမ်းကြောင်း မကောင်းပါဘူး။Board အကောင်းက ကိုယ်တိုင်းတဲ့ pin ကထွက်တဲ့ ohm နဲ့ board အပျက်က ကိုယ်တိုင်းတဲ့ pinက ထွက်တဲ့ ohm က 10 ohm အထက်နည်းနေရင်သော်၎င်း များနေရင်းသော်၎င်း အဲ့ လမ်းကြောင်း မကောင်းပါဘူး။(နမူနာတိုင်းစရာ board အကောင်းတခု လိုပါတယ်)
(လမ်းကြောင်း ohm တိုင်းရင် board ကို ပါဝါမပေးရပါ)
Diagram ကိုပြန်ကြည့်ပါ။Pin 2.3.4.5 ဟာ pmic ကလာတဲ့ VIO18 PMU ဆိုတဲ့ 1.8V ကို R တလုံးစီခံပီး cpuကလာတဲ့ scl sda int resetဆိုတဲ့ signal တွေနဲ့ ပေါင်းပီး volt ရော signal ရော တွဲပါပါတယ်။Volt မရောက်ရင် Rလေးတွေကြောင့် ဖြစ်နိုင်ပီး signal မရောက်ရင်(ohm မထွက်ရင် အကောင်းနဲ့ လွဲနေရင်) လမ်းကြောင်း(way)ကြောင်းသော်၎င်း cpu ပျက်လျှင်သော်၎င်း ဖြစ်နိုင်ပါတယ်။
Board အကောင်း ohm တိုင်းရင်
pin2 int မှာ 0.380 ဝန်ကျင်တက်ပါတယ်။ကျွန်တော်ကတော့ 380 ohmလို့ အလွယ်ခေါ်ပါတယ်။(အသုံးပြုတဲ့ မီတာမတူရင် ohm လွဲနိုင်ပါတယ်။ကို့မီတာအတိုင်းမှတ်ထားပါ။)
Pin3 scl မှာ 520 ohm ဝန်းကျင်ပြပါတယ်။
Pin 4 sda မှာလဲ 520 ohm ဝန်ကျင်ပါ။(SCLနဲ့ SDA ရဲ့ ohm တွေ တူသလောက်နီးနီး ပြရပါမယ်။ 10 ohm ထက်လွဲနေရင် error ပါ။)
Pin5 reset မှာ 570 ohm ဝန်းကျင်ပြပါတယ်။
အဲ့ဒီတော့ အကောင်းအတိုင်း လိုက်တိုင်းပီး touch မရတဲ့ board က error ရှိတဲ့ way တွေ လိုက်ရှာပီး ပြင်ရပါမယ်။
ကဲ ဇာတ်သိမ်းပါတော့မယ်။
Y320-U01တွေမှာ touch data လမ်းကြောင်းလေးတွေက board အတွင်းထဲက မသွားပဲ အပေါ်မျက်နှာပြင်က သွားထားတဲ့ အတွက် data way တွေ အပျက်များပါတယ်။ပုံမှာပြထားတဲ့အတိုင်း cpu အထွက်က pin လေးတွေမှာ board အကောင်းအတိုင်း ohm ထွက်နေသေးတယ်ဆိုရင် ပျက်တဲ့ လမ်းကြောင်းထဲ ကျော်ပေးလိုက်ပါ။CPU အထွက်နေရာတွေမှာကို Ohm မမှန်တော့ရင်တော့ CPU လဲရပါလိမ့်မယ်။
(တချို့က rotate ပြုတ်ရင် ရသွားတယ်။
Sensor ပြုတ်ရင် ရသွားတယ်။
Flashlight ဖြုတ်ရင် ရသွားတယ်။
ဘာ့ကြောင့်လည်း
Touch မှာ သုံးထားတဲ SCL SDA i2c လမ်းကြောင်း တွေကို အဲ့ IC တွေမှာလည်း ယူသုံးထားတဲ့ အတွက် အဲ့ဒီအပိုင်းတွေ errorရှိရင်လည်း touch မရနိုင်ပါဘူးဗျ။)
T1 T2

CREDIT TO:Aung Mobile SHWEBO

Post a Comment

 
Top